Monday, December 17, 2012
အသက်ရှည်စေသောနည်းလမ်းများ
နတ်သမီးအဖိုးကအသက်( ၈၁) နှစ်မှာဆုံးပါတယ်။နတ်သမီး အဖွားကအသက် (၈၉)
နှစ်မှာဆုံးပါတယ်။အဖွားဆိုရင်ကြီး
ကြီးမားမားရောဂါတခါမှမဖြစ်ခဲ့ဘူးပါ။အဖွားကအသက်ကို ဥာဏ်စောင့်တယ်။
ဥစ္စာကိုကံစောင့်တယ်လိုပြောလေ့ရှိ တယ်။အဖွားက ကံ ဥတု အဟာရ စိတ်
အကြောင်းကိုပြော ပြပါတယ်။အဖွားက ရာသီဥတုအေးတဲ့အခါနွေးအောင်နေ ပြီး
ပူလွန်းတဲ့ရာသီ မှာအေးအောင်ဝတ်စားလေ့ရှိတယ်။
မိုးတွင်းမှာမိုးမိတာနဲ့နွေးအောင်ဂျင်း လဘက်ရည်သောက်
ပါတယ်။ဟင်းသီးဟင်းရွက်များများစားလေ့ရှိပြီးအသား
စားတာနည်းပါတယ်။အသားချက်တဲ့ အခါမှာဂျင်း ဆနွင်း ကြက်သွန်ဖြူ အများကြီး
ထည့်ပြီးနှပ် ထားလေ့ရှိ တယ်။ ရေများ များသောက် လေ့ ရှိ တယ်။ တိုင်းရင်းဆေး
ဝမ်းပျော့ ဆေးကို လေးရက် တခါလောက်သောက်လေ့ရှိတယ်။
နံနက်တိုင်းအချိန်ပေးပြီးအိမ်သာထိုင်တယ်။ငရုပ်သီးကို
နေလှမ်းပြီးသံငရုပ်ဆုံနဲ့ထောင်းပြီးသုံးတယ်။ရယ်ဒီမိတ် တခါမှမစားပါ။
ဈေးသွားရင် အရမ်းလပ်ဆပ်တဲ့ အသီးအရွက် သာဝယ်ချက်ပါတယ်။
အဖွားအကြိုက်ဆုံးဟင်းက ငရံ့နဲ့ ဒန့်ဒလွန်သီး
ဟင်းဖြစ်ပါတယ်။ခြေလေးချောင်းစားလေ့မရှိပါ။အသီးအ ရွက်စုံအောင်
တနေ့တမျိုးပြောင်းချက်ပါတယ်။တပတ်တစ် ကြိမ် ကြက်ဟင်းခါးသီး ကိုပုစွန်ချောက်
များများထည့်ပြီး ကြော်ပြီးကျွေးပါသည်။အသီးအရွက်
ကိုစုံအောင်စားရတယ်။နင်တို့ပြောတဲ့ A B C D ဓါတ်တွေ ငါ မသိဘူး၊အဖွားက
နံနက်စောစော ထပြီး မကျည်းဖျော် ရည်သောက် ပါသည်။ နေ့စဉ် ခိုစာကျွေး တာ
စာကလေးအတွက်စပါးတွဲချိတ်တာလုပ်ပါတယ်။နေ့ခင်းတွင် ခဏမျှ အိပ်ပါ သည်။
ပြာယာခတ်ပြီးမနေပါ။နတ်သမီးသက်တန်းတလျောက် အဖွား ရန်ဖြစ်တာမတွေ့ပါ။
သဒ္ဒါတရားထက်သန်ပါသည်။ နောက်တခုက တချိန်ကုန် အလုပ် လုပ်နေတတ်ပါတယ်။
အလုပ်နဲ့လက်နဲ့မပြတ်ပါ။ နင့်အဖွား မရှိရင်အိမ်လည်း သပ်သပ်ယပ်ရှိမှာ
မဟုတ်ဘူးလို့ပြောတယ်။ လဘက်ရည်လည်း
ကြိုက်ပါတယ်။အမြဲတမ်းသပ်သပ်ယပ်ယပ်ဝတ်လေ့ရှိပါ တယ်။အဖွားကို သောက်ရန်
ပေးထားတဲ့အကိုက် အခဲပျောက် ဆေး ချောင်းဆိုးပျောက်ဆေး နှာစေပျောက်ဆေးများကို
အခြားသူ များကယူသောက် ကြပါသည်။သူများကိုမပေးပါနဲ့ အဖွားဆိုတော့ အဖွား ကဆေး
ဆိုတာ ကိုကိုယ်က မသောက် ဘဲ သူများယူသောက်သွားရင် ကိုယ်က ရောဂါ
မဖြစ်ဘူးလို့ ပြောတယ်။အဖွားက ကရင်သွေး တ၀က်ပါပါတယ်။ အဖွားခြံမှာ သစ်ပင်များ
စိမ်းလန်းနေပြီး လေကောင်း လေသန့်ရပါသည်။ဥတု အဟာရ စိတ် ကောင်းစွာနားလည်
လို့အဖွားအသက်ရှည်တာလို့ဆိုချင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment