Monday, December 17, 2012

တိုးတက်စေချင်ပါတယ်

(27-11-2012) နေ့က မြန်မာ နှင့် ထိုင်းဘောလုံးပွဲကို TV မှတဆင့် ကြည့်ခဲ့ရတယ်။ရွာက အမရဲ့သား ပေတူး လဲ ကြည့်နေတယ်။ပေတူးက ကျပ်မပြည့်ပါ။အတန်းပညာ ကိုးတန်းလောက်သာ တတ်ပါ တယ်။ ပေတူး က မြန်မာ ဘောလုံးသင်း တစ်ဂိုး ရလျင် ထခုန်ပြီး အားပေးတတ်တယ်။ပွဲသာ ပြီးသွားတယ်။ ပေတူး တခါမှ မခုန်လိုက်ရပါ။ ပေတူး စိတ်ဆိုး နေတာတွေ့တော့ အားလုံးက ပေတူး ကို စကြတယ်။ ပေတူးက စိတ်ဆိုးပြီး ပြန်ပြောတယ်။ သားရေသန့် ဘူးနဲ့မပေါက်လိုက် ရလို့ မြန်မာအသင်းရှုံးရတာ တဲ့။
ဘောလုံးပွဲမစခင် ထင်ကြေးပေးသူ များက ထိုင်း ကမြန်မာကို နှစ်ဂိုး ဂိုးမရှိ ဖြင့် နိုင်မယ်မှန်းကြတယ်။တကယ် ပွဲ မှာ လေးဂိုး ဂိုးမရှိဖြစ်သွားတယ်။
ရှေးတုံး ကမြန်မာတွေ ဘောလုံး နိုင်ခဲ့တယ်လို့ပြောရင် ယနေ့လူငယ်တွေ ကယုံတမ်းစကား လို့ပြော ကြတယ်။မြန်မာ့ ပညာရေး တချိန်က မြင့်ခဲ့တယ် ဆိုတာ ခေတ်လူငယ်တွေ ယုံမှာလား။
ဘာကြောင့် ဘယ်သူ့ကြောင့် သည်လို နိမ့်ကျ တယ် ဆိုတာ အမှန်အတိုင်း ဝေဖန် အကြံပြု နိုင်ရင် ပြန်လည် တိုးတက်လာမှာပါ။

No comments:

Post a Comment