Monday, December 17, 2012
ဖေဖေပြောသောပုံပြင်
ရွာတရွာက လူ ၇ဦး ကောက်စိုက်ပြီး ပြန်လာရာ လယ် ကွင်းတွေနားရောက်တော့ မိုးရွာ
လာတယ်။ လျပ်စီးတွေ လက်ပြီး မိုးကြိုးပစ်တယ်။မိုးကြိုးကသူတို့ ၇ ယောက် နား
ကိုပစ်တယ်။သူတို့လည်း ဆက်သွားတယ်၊ ဒါပေမဲ့မိုးကြိုး ကသူတို့အနီးကို
ပစ်တယ်။ငါတို့ ၇ ယောက်မှာ ဆိုးတဲ့လူ တယောက် ပါနေလို့ မိုးကြိုးပစ်နေတာ။
ဟိုအဝေးက သရက်ပင် ဆီကို တစ်ဦးစီ ပြေးပြီးပြန်လာမယ်။ ဒီ ၇ ဦး ထဲ က
မကောင်းတဲ့လူ သရက်ပင်ဆီ ရောက်သွားတဲ့အချိန် မှာ မိုးကြိုးက သည်လူကို ပစ်မှာ
လိုပြောတယ်။
နံပါတ် ၁ လူက သရက်ပင်ဆီ ပြေးပြီးပြန်လာတယ်။ မိုးကြိုး ကမပစ်ဘူး။ နံပါတ် ၂
လူကသရက်ပင် ဆီပြေးပြန် လာတယ်။ မိုးကြိုးမပစ်ဘူး။ သည်လိုနဲ့နံပါတ် ၆
ကပြေးပြီး ပြန် လာတယ်။ မိုးကြိုးက မပစ်ဘူး။နောက်ဆုံး ပြေးဖို့ကျန်နေ တဲ့
နံပါတ်က ၇ မပြေးရဲတော့ဘူး။ သူ့ကို မိုးကြိုး ပစ်မှာ သေချာနေ လို့။သူက
အားလုံးကို တောင်းပန်တယ်။မပြေးပရစေနဲ့။မိုး ကြိုးပစ်မှာစိုးလို့ပါ ဆိုတော့
ကျန် ၆ ယောက် မရဘူး။ မင်း ကတိအတိုင်းဘဲ လို့ပြောတယ်။ နောက်ဆုံးတော့ စိတ်ညစ်
ပြီး သရက်ပင် ဆီကိုပြေးတယ်။နံပါတ် ၇ သရက်ပင်ဆီ ရောက်တော့ ကျန် လူ ၆ ယောက်
အုပ်စုကို မိုးကြိုးကပစ် တော့တာဘဲ။
အော် ဒီတော့မှ လူကောင်း တယောက်ရဲ့ ကုသိုလ်ကံ က လူ ၆ ယောက်ကို ကယ်ပါလား
ဆိုတာ သိလိုက် ရတယ်။
အမေက ထမင်းဝိုင်းမှာ ဟင်းကို သင့်ရုံသာထည့်ကျွေးပြီး ညစာချန်ထားတတ်ပါတယ်။
အဖေက ငါ့သားသမီးတွေကို ကျွေးလိုက်ပါ။ ညစာ ချန်မထားပါနဲ့။ ထပ်ချက်ပေါ့။
ငွေကို ငါရှာတာ မဟုတ်ဘူး။ ငါ့သား သမီးထဲက ဘယ်သူ ကံ ကြောင့် ငွေဝင်တာလဲ
မသိဘူး။ ဝလင်အောင် အောင် ကျွေးပါ လို့ပြောတယ်။
သူတို့ ကုသိုလ်ကံနဲ့ သူတို့စားတာ စားပါစေ လို့ပြောတယ်။
မိသားစု ထဲမှာ ကံကောင်းသူ တစ်ဦးပါလာရင် အများက ကောင်းကြိုးခံစားရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment