Monday, December 17, 2012

ဖေဖေပြောသောပုံပြင်များ (၁)

ဖေဖေပြောသောပုံပြင်များ
 နတ်သမီးကဗေဒင်တိုယတြာတိုကိုမယုံဘူး။ကံကိုတော့ ယုံတယ်။ကံဆိုးတဲ့အချိန် ကံကောင်းတဲ့အချိန်ကိုတော့ယုံ ပါတယ်။ ဒီသစ်ရွက်လေးဆောင်ထား။ မင်းရာထူးတိုးလိမ့်မယ်။မင်း စာမေးပွဲအောင် လိမ့်မယ်ဆိုပြီးယတြာချေတာ ကိုတော့မယုံဘူး။ မင်းကောင်းအောင်နေ။ အလှုအတန်းလုပ်။ မုသားမပြောနဲ့ iလာဘ်မစားနဲ။ဆရာဆရာမ မိဘကိုရိုရိုသေသေနေဆိုတဲ့ ယတြာကိုတော့ယုံပါတယ်။ အဖေကပြောတယ်။အပူစာမစားပါနဲ့။သူများမပေးချင်ဘဲ ပေးရတဲ့ငွေကိုမစားပါနဲ့။ ဒါဟာမစင်ကြယ်တဲ့ငွေ။မစင် ကြယ်တဲ့ငွေကိုစားတာ မစင် ကိုစားတာနဲ့တူတယ်လိုပြော တယ်။ နောက်တခုကဘယ်တော့မှသုဘရာမလုပ်ပါနဲ့။မျိုးရိုးနိမ့် သွားမယ်။သူတပါးအသက်သေမှထမင်းစားရတာကိုပြော တာပါ။ လူနဲ့တိရိဆ္ဆန်တကောင် ကိုတောင်မသတ်ဖူးပါ။လောကမှာအရေးကြီး ဆုံးကသီလလိုပြောပါတယ်။ သီလ လုံအောင်ထိန်းရင်သေသွားရင်တောင်နာမည်ဆိုးမကျန်ရစ်ဖူး လို့ပြောပါတယ်။
သူတပါးက ကိုယ့်ကို မပေးချင်ဘဲ ပေးရတဲ့ငွေကို အပူစာ ဖေဖေ ကပြောတယ်။သမီး အအေးစာဘဲ ရှာ စားပါလို့ပြောတယ်။
 ဖိနပ်ချုပ်သူတယောက်ကငယ်စဉ်ထဲကဖိနပ်ချုပ်တယ်။ အသက်အရွယ်ရလာတော့သူစဉ်းမိတယ်။သူများတွေဘု ရားသွား ဥပုတ်သီလဆောက်ကြတယ်။ ငါကနေ့စဉ်ဖိနပ် ချုပ်နေရတယ်။တရားလဲမသိ ငါသေရင်ငရဲပြည်ရောက် မှာလို့စဉ်းစားတယ်။အမြဲတန်းဘုရား သွားနေတဲ့မိတ်ဆွေ ကိုအကူအညီတောင်းတယ်။ ကျွန်တော်ကုသိုလ်လိုချင်လို့ တရားပြပေးပါလို့ပြောတယ်။ခင်ဗျားကညဏ်ရည်နိမ့်တော့  လွယ်တာဘဲသင်ပေးလိုက်တယ်။စာတစ်ကြောင်းဘဲ။ဒီစာ ကိုရွတ်ဖတ်ရင် နိဗ္ဗာန်ရောက် ပြီလို့ပြောတယ်။ဖိနပ်ချုပ်သ မားက သဲသောင်ပြင်ထိုင်ပြီးတနေ့လုံး ရွတ်ဖတ်တယ်။ ပင်လယ်ကမ်းစပ်မှာ ရေတွေကတဖြည်းဖြည်းတက်လာပြီးရေ ပေါ်မှာဖိနပ်ချုပ်သမား တင်ပလင်ခွေထိုင်နေတာကိုတွေ့ရ တော့သူမိတ်ဆွေလဲအံ့သြနေတယ်။
ဖိနပ်ချုပ်သမားရဲ့မိတ်ဆွေကသူ့ဆရာတော်ဆီကိုသွား ပြီး လျောက်တယ်။ တပည့်တော်တရားစာမျိုးစုံနှံ့စပ်အောင် သိပြီးရွတ်ဆိုနေတာ ဘာကြောင့်သူလိုမျိုးမဖြစ်တာလဲ ဆိုပြီးလျောက်တယ်။ ဒကာကသူ့ကိုမင်းနိဗ္ဗာန်ရောက်မှာ ဆိုပြီးပြောတာကိုဖိနပ် ချုပ်သမားကလုံးဝယုံကြည်ပြီးတရားထိုင်တာ။နောက်တခု သူ့အသက်မွေးဝမ်းကြောင်းကစင်ကြယ်တယ်။ ဒကာသီလစင်ကြယ် ပါသလားလို့မေးတော့မစင်ကြယ်ပါ ဘုရားလို့ပြောတယ်။ သီလစင်ကြယ်ခြင်းနဲ့ ဘယ်လိုသက်ဆိုင်ပါလဲ ဘုရားလို့ လျောက်ထားတယ်။ ဘုန်းကြီးကျောင်းရဲ့သောက်ရေကန်ရေဘုံဘိုင် မှာဒကာ ကြီး ကရွှံလူးနေတဲ့ခွက်နဲ့ရေ လာခံရင်ရေညစ်ဘဲသောက်ရ မှာပေါ့။ ဖိနပ်ချုပ်သူကသန့်တဲ့ခွက်နဲ့လာခံတာရေသန့် သောက်ရ မှာပေါ့။ ဒကာကြီးသူတပါး ပစ္စည်းများကိုမစင်ကြယ်နည်းနဲ့ ရယူထားရင်နိဗ္ဗာန်နဲ့ဝေးပါတယ်။ နာမည်လဲဆိုးပါတယ်လို့ မိန့်ကြားတော်မူပါတယ်။

No comments:

Post a Comment