Monday, December 17, 2012

ကောင်းလာပါတယ်

ဝန်ကြီးဦးသိန်းဇော်လက်ထက်၁၅သိန်းရောင်းတာ ခု၂သိန်းဘဲပေးရတယ် ၂၀၀၂ခုနှစ်လောက်ကမိန်းကလေးပတ်ပို့နိုင်ငံကူး လက်မှတ် သိန်းအများကြီးပေးကမ်းစွန့်ကြဲရတယ် အခုနည်းနည်းလေးလောက်ပါမော်တော်ကားလဲလွယ်ကူစွာသွင်းလို့ရပြီ ဟိုအရင်ကထက်နဲနဲကောင်းလာပါတယ်ကားလမ်းတွေကျပ်နေတယ် လမ်းပေါ်မှာကားလှလှတွေ တွေ့ရတယ် ကောင်းသောပြောင်းလဲခြင်းပါ။ အင်တာနက်သုံးခွင့်ရလာပြီ ကော်နက်ရှင်ကောင်းအောင်လုပ်ပေးပါ။ နေ့လည်ပိုင်းကိုသုံးမရဘူးနံနက် ၆ နာရီလောက်မှာသုံးလို့ရတယ် နောက်ထပ်လည်းကောင်းသောတိုးတက်မှုတွေတွေ့ရမှာပါ။ မှတ်ပုံတင် သန်းကောင်စာရင်းရှိယုံနဲ့ကားသွင်းခွင့်ရလာပြီ။အရပ်သားလဲကားဝယ်ခွင့်ရပါပြီlo အရင်တုံးကဆို company ဦးပိုင်ကုမ္ပဏီတွေဘဲ သွင်းခွင့်ရတာပါ။တိုးတက်မှုတွေ့ရပါတယ်။ အာဆီယံနိုင်ငံက ကားဆိုရင်ဈေးပိုသက်သာပါတယ်။မီးလည်းမှန်မှန်လာနေပါပြီ။ ဘတ်စကားတွေအပြိုင်မောင်းပြီးတိုက်နေတယ်။ ၂၀၀ကျပ် ပေးစီးရပြီးခုံတွေကစုတ်နေတယ်ကားတွေကိုသန့်ရှင်း ရေးလုပ်သင့်တယ်။မြို့တော်မှာကွမ်း မထွေးအောင်စီစဉ်သင့်တယ်။ အရင်ထက်ကောင်းလာပြီ    

No comments:

Post a Comment